သင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ LGBTIQAs မိသားစုဝင်တစ်ဦးဖြစ်ပါက ထိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အကူအညီများတောင်းခံနိုင်သည်။ https://web.facebook.com/lgbtrightsnetwork မြန်မာနိုင်ငံတွင် LGBT ကွန်ယက်ကြီးတစ်ခုသည် တိုင်းနှင့်ပြည်နယ် (၁၀) ခုတွင် ကိုယ်စားလှယ်ပေါင်း (၂၅) ဦးနှင့်တကွ မြန်မာနိုင်ငံ၏ LGBT အရေးကိုလှုပ်ရှားဆောင်ရွက်လျှက်ရှိသည်။ ယင်းတိုင်းနှင့်ပြည်နယ် (၁၀) ခုတွင် စစ်ကိုင်းတိုင်းဒေသကြီးလည်းပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် အောက်ပိုင်းခွဲကာ ကိုယ်စားလှယ် (၃) ဦးရှိသည်။ ထို ကိုယ်စားလှယ် သုံးဦးတို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ LGBTIQAs များတို့၏ တရားရင်ဆိုင်ရမှုကိစ္စရပ်များ၊ အခွင့်အရေးကိစ္စရပ်များ၊ ကျန်းမာရေးမြှင့်တင်ဆောင်ရွက်မှုများ နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းကိစ္စရပ်များ၊ လူငယ်ရေးရာကိစ္စရပ်များကို အားတက်သရော ကူညီ ချိတ်ဆက် လုပ်ဆောင်နေကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ LGBTIQAs ရပ်ဝန်းကို မြှင့်တင်ဆောင်ရွက်လျှက်ရှိကြသည်။ ထိုသူများမှာ – အန်တီ Rose သည်Continue reading “စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ LGBTIQAs အခွင့်အရေး လှုပ်ရှားဆောင်ရွက် ကြသူများ”
Category Archives: Uncategorized
တန်ဆောင်တိုင်သူတို့အစီအစဉ်
မြန်မာရိုးရာယဉ်ကျေးမှု တန်ဆောင်တိုင်နေ့တွင် ကလေးမြို့ရှိ ရွှေဘုံသာဘုရားကြီးအား အထွဋ်အမြတ်ထား အလှူခံရာတွင် လိင်စိတ်ခံယူမှု၊ လိင်ဝိသေသကွဲပြားသူများ ကိုယ်တိုင် မိမိတို့တတ်ကျွမ်းသော ရိုးရာအကအလှများဖြင့် ပါ၀င်ကူညီမှုများပြုလုပ်ခဲ့သည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းကြောင့် အများပြည်သူအား မိမိတို့၏ ဖြစ်တည်မှုများသည် လုပ်ယူထား၍ မရကြောင်းနှင့် မိမိတို့သည်လည်း တတ်ကျွမ်းသောပညာရပ်များဖြင့် မိရိုးဖလာအစဉ်အလာများတွင် ပါ၀င်လျှက် လူသားအချင်းချင်းတန်ဖိုးထားမှုများပြသကာ စည်းရုံးလှုံ့ဆော်မှုအဖြစ်လည်း သက်ရောက်သည်။ #DFL
Queer (ကွီးယား) ရပ်ဝန်းမှသူတို့
မြန်မာနိုင်ငံ လိင်စိတ်ခံယူမှု နှင့် လိင်ဝိသေသ လက္ခာကွဲပြားသူများအခွင့်အရေး (LGBTIQA Rights) တက်ကြွလှုပ်ရှားသူများထဲမှ Queer နှစ်ယောက်သည် ယနေ့ည Sedona Hotel တွင်ဆုံတွေ့ခဲ့ကျစဉ် ဓာတ်ပုံမှတ်တမ်းဖော်ပြလိုက်ရသည်။ #queer #myanmar #dfl
မြန်မာLGBTIQများဘာလုပ်နေသလဲ?
Unicode အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး လိင်စိတ်ဝိသေသလက္ခဏာကွဲပြားသူများဆိုင်ရာ မြန်မာဘာသာဝေါဟာရများနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဥပဒေမူကြမ်း မိတ်ဆက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား မန္တလေးမြို့ တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ LGBTခေါင်းဆောင်များနှင့် ဥပဒေပညာရှင်များ၊ မသန်စွမ်းသူများ၊ လူငယ်များ စသည်တို့ပါ၀င်သော ယခုအခမ်းအနားအား ဟိုတယ်မာဗယ်တွင် ကျင်းပလျှက်ရှိပါသည်။ Zawgyi အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး လိင်စိတ်ဝိသေသလက္ခဏာကွဲပြားသူများဆိုင်ရာ မြန်မာဘာသာဝေါဟာရများနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဥပဒေမူကြမ်း မိတ်ဆက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား မန္တလေးမြို့ တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ LGBTခေါင်းဆောင်များနှင့် ဥပဒေပညာရှင်များ၊ မသန်စွမ်းသူများ၊ လူငယ်များ စသည်တို့ပါဝင်သော ယခုအခမ်းအနားအား ဟိုတယ်မာဗယ်တွင် ကျင်းပလျှက်ရှိပါသည်။
DFL is Here!
CSO Consultation Workshop on Penal code 377.
Here at dfl members
“dfl of Lesbian&Transmen members” #dfl #2019
